ဝန်ဆောင်မှုအဖိုးအခ ကောက်ခံခြင်းဆိုင်ရာ စည်းကမ်းချက်များ
ဝန်ဆောင်မှုအား စာရင်းပေးသုံးစွဲမှုရယူနိုင်မည့် ပက်ကေ့ချ်အမျိုးအစားများမှာ နေ့စဉ်/ အပတ်စဉ်/လစဉ် ပက်ကေ့ခ်များဖြစ်နိုင်ပြီး အသုံးပြုသူမှု ဝန်ဆောင်မှုအား မရယူခင် မိမိဝယ်ယူလိုသည့် ပက်ကေ့ချ်အား သေချာရွေးချယ်သိရှိပြီးမှ အသုံးပြုဝယ်ယူခြင်း ဖြစ်ပါသည်။
အသုံးပြုမှုအတွက်အဖိုးအခကို ကောက်ခံသည့်ပုံစံများမှာ
(က) တစ်ကြိမ်ချင်းအလိုက် (ဥပမာ - သက်တမ်းတိုးမှုမပါရှိပဲ တစ်ခါလျှင်တစ်ကြိမ်သာ) သို့မဟုတ်
(ခ) အစဉ်အဆက်လိုက် (ဥပမာ- နေ့စဥ်/ အပတ်စဥ်/ လစဥ်) တို့ဖြစ်ကြောင်း သိရှိပြီးဖြစ်ပါသည်။
အကယ်၍ အက်တမ်၏ မိတ်ဖက်ကုမ္ပဏီများမှ ဝန်ဆောင်မှုတွင်အခမဲ့ စမ်းသပ်အသုံးပြုကာလပါရှိပါက အသုံးပြုသူသည်သတ်မှတ်ထားသည့် အခမဲ့စမ်းသပ်အသုံးပြုကာလ အတွက်သာဝန်ဆောင်မှုကိုအခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုအခမဲ့စမ်းသပ်ကာလပြီးဆုံးပါက သင်၏ မိုဘိုင်းလက်ကျန်ငွေထဲမှဝန်ဆောင်မှုအတွက် နေ့စဉ်/ အပတ်စဉ်/ လစဉ် ကျသင့်သည့်ပက်ကေ့ချ်နှုန်းထား အရ ကျသင့်ငွေကို ကောက်ခံမည်ကို သိရှိပြီးဖြစ်သည်။
သုံးစွဲသူဘက်မှ ရယူထားသည့် ဝန်ဆောင်မှုအား အချိန်မရွေး မိမိဆန္ဒအလျောက် ပယ်ဖျက်နိုင်ပါသည်။ ထိုသို့ စာရင်းပယ်ဖျက်ပြီးနောက် ဝန်ဆောင်မှုအသုံးပြုခအား ဆက်လက်ကောက်ခံတော့မည် မဟုတ်ပါ။
ဝန်ဆောင်မှုကို ရယူသည်ဟု အတည်ပြုမှုသည် ဤဝန်ဆောင်မှုဆိုင်ရာ အဖိုးအခကောက်ခံခြင်းဆိုင်ရာ စည်းကမ်းချက်များကို ကိုယ်တိုင် အသိအမှတ်ပြု လက်ခံကြောင်း အတည်ပြုပါသည်။ ဝန်ဆောင်မှုကို လက်ခံပြီးသည်နှင့်တစ်ပြိုင်နက် စည်းမျဉ်းစည်းကမ်းချက်များကို လက်ခံပြီးဖြစ်ပါသည်။
အက်တမ် သည် ငွေပေးချေမှုအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းသာဖြစ်ပြီး၊ ယခုဝန်ဆောင်မှုကို ပေးအပ်ထားသည့် မိတ်ဖက်ကုမ္ပဏီများ၏ ဝန်ဆောင်မှုအရည်အသွေး၊ မူပိုင်ခွင့် (Copy Rights) နှင့်ဆိုင်သော တာဝန်ယူမှု တာဝန်ခံမှုများနှင့် (လုံးဝ) မသက်ဆိုင်ပါ။
ဤဝန်ဆောင်မှုအားအသုံးပြု ရာတွင် သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်များကို မိမိသဘောဆန္ဒအလျောက် ပေးသွင်းခြင်းဖြစ်ကြောင်း သုံးစွဲသူမှ လက်ခံသဘောတူပါသည်။ မိမိသဘောဆန္ဒအလျာက် သုံးစွဲသူမှ ပေးအပ်ထားသော ကိုယ်ရေးကိုယ်တာအချက်အလက် များအတွက် ATOM Myanmar တွင်မည်သည့် တာ၀န်မျှ ရှိလိမ့်မည် မဟုတ်ပေ။
Copyright @ CELOSIA Technologies Pvt. Ltd. 2025 All rights reserved.